Samsung Mobile App Training Program
ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ) ကျောင်းသား/ကျောင်းသူများ၏ Mobile Application Development စွမ်းရည်များ မြှင့်တင်ပေးရန်နှင့် Android Application Programming နယ်ပယ်တွင် လက်တွေ့ကျသော အတွေ့အကြုံများ ရရှိစေရန် ရည်ရွယ်၍ Samsung Mobile App Training Program ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
အဆိုပါ အစီအစဉ်တွင် ကျောင်းသား/ကျောင်းသူများအား အဖွဲ့လိုက် Project များဖြင့် ပါဝင်ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ထူးချွန်သော အဖွဲ့ (၅) ဖွဲ့ကို ရွေးချယ်ကာ Samsung Technology Group (ရန်ကုန်) ၏ လုပ်ငန်းဆောင်ရွက်ပုံများနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံများကို လေ့လာခွင့် ရရှိမည်ဖြစ်ပါသည်။
ထို့အပြင် အကောင်းဆုံး အဖွဲ့ (၃) ဖွဲ့အား ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်မီ Mobile Application များ ရေးသားဖန်တီးနိုင်စေရန် ရည်ရွယ်သော အထူးလေ့ကျင့်ရေးသင်တန်းများ တက်ရောက်ခွင့် ပေးအပ်သွားမည် ဖြစ်ပါသည်။
ဆုများ
• Winner – Mobile Application Training Program တက်ရောက်ခွင့်
• First Runner-Up – Mobile Application Training Program တက်ရောက်ခွင့်
• Second Runner-Up – Mobile Application Training Program တက်ရောက်ခွင့်
ကျောင်းသား/ကျောင်းသူများအနေဖြင့် အဆိုပါ အစီအစဉ်တွင် စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ကြရန်နှင့် မိမိတို့၏ နည်းပညာစွမ်းရည်များကို ဖော်ထုတ်ပြသနိုင်မည့် အခွင့်အရေးကောင်းတစ်ရပ်အဖြစ် အသုံးချကြရန် ဖိတ်ခေါ်အပ်ပါသည်။
